Sunday, January 6, 2013
ဂျောက်ဂျက် ရဲ့ ငါသည်သာငါ့ပြိုင်ဘက်ဖြစ်တယ်
MHC မှ ကူးယူတင်ပြပါသည် ။
ဗိုလ်တထောင် ကိုယ်စားပြုတဲ့ Finest Rapper။ Rock Star Member။ ကောလာဟလတွေ အရမ်းထွက်တက် လာတဲ့ Rapper ။ Show မှာ ဆိုရင်လည်း ပရိသတ်အားပေးမှုအရဆုံးသူ။ နာမည်က ဂျောက်ဂျက်။ မြန်မာကာတွန်း စတား ဦးကြောင်ဇရက်ရဲ့သားနာမည်သည်လည်း ဂျောက်ဂျက်။ ဒါပေမဲ့ သူက အဲ့ဒါကို ပေးထားတာမဟုတ်ပါဘူး။ အဓိပ္ပာယ် ပြည့်ဝတဲ့ ကိုယ်ပိုင်ခံယူမှုနဲ့ ပေးထားတဲ့ နာမည်ပေါ့။ Show မှာ ဖျော်ဖြေရင် လည်း သူက ပရိသတ်ကို ချုပ်ကိုင်နိုင်တဲ့ MC တစ်ယောက် အဖြစ်ရှိနေဆဲပဲ။ သူ့ရဲ့ Skill တွေ၊ သူ့ရဲ့ သီချင်းတွေသည် အများနဲ့မတူသလို ခေတ် တစ်ခေတ်ကို ပိုင်စားနိုင်မယ့် Rapper တစ်ယောက် ဖြစ်တာမို့ The Street Magazine က အင်တာဗျူးလေး တစ်ခု လုပ်ထားပါတယ်။ ပရိသတ်တွေအနေနဲ့လည်း သူ့ရဲ့ အဖြေ တွေ အပေါ် စီးမျောကြည့် ပါဦး။
Underground လောကမှာ ဘယ်လို အခက်အခဲတွေကို ဘယ်အချိန် ကာလ တွေမှာ ကျော်ဖြတ်ခဲ့ရလဲ။
အချိန်အကန့်အသတ်နဲ့ ဆိုရင်တော့ ၂ဝဝ၄ က စတာဆိုတော့ (၄) နှစ် ကျော်ပြီပေါ့။ စလုပ်ကတည်းက အခက် အခဲ ဆိုတာရှိတယ်။ ခုထိပဲ။ နေရာတကာ မှာလည်း အခက်အခဲတွေ၊ အတိုက်အခံ တွေလည်း များတယ်။
အောင်မြင်လာဖို့အတွက် ဂျောက်ဂျက် အနေ နဲ့ ရင်းနှီးရတာအချိန်လား။ ငွေလား။
အချိန်ရော၊ ငွေရောပဲ။ အချိန်ရင်း ရတဲ့အတွက် ကျောင်းစာတွေ မလုပ်ဖြစ်တော့ဘူး။ ငွေရင်းရတဲ့အတွက်လည်း သုံးစရာ၊ စွဲစရာမရှိတော့ဘူး။
3rd Generation မှာ နံပါတ်(၁)နေရာ ယူနိုင်နေပြီလား။
သီချင်းထဲမှာသာ ကျွန်တော် Plane ကြီး လျှောကကြွားတာပါ။ တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကို ပြောတာ ထက်စာရင် ပရိသတ်ကပေးတဲ့ နံပါတ် (၁)က ပိုကောင်းမယ်လို့ ထင်ပါတယ်။
ဂျောက်ဂျက် အနေနဲ့ တစ်ယောက် တည်း အောက်မြင်မှုကို လိုလားတာလား။ Family တစ်ခု အောင်မြင်မှု ကိုလား။ ဒါမှ မဟုတ် ဒီ Generation အောင်မြင်မှုကိုလား။
တစ်ယောက်တည်း Family တစ်ခု တည်း အောင်မြင်မှုထက်စာရင် Generation တစ်ခုလုံး လက်တွဲပြီးသွားတာ ကျွန်တော် ပိုလိုချင်တယ်။ ခု ကျွန်တော်တို့ Third Generationဆိုရင် တစ်ယောက်နဲ့တစ်ယောက် တည့်သာ တည့်တယ်။ မကြည်ကြဘူး။ ကျွန်တော်နဲ့ဆို ဘယ်သူဘယ်သူကွိုင်ရှိလဲ။ အဲဒီ တစ်ယောက်နဲ့လည်း ဘယ်သူနဲ့က ကွိုင်ရှိလဲ။ လူတိုင်းက အဲလို ပြဿနာကြီးပဲ ဖြစ်နေတယ်။ Second Generation မှာဆိုရင် Cyclone, Project-1, Firecracker အကုန်လုံးက အမြဲတမ်း လက်တွဲမှုတွေရှိတယ်။ Thrid Generation မှာ အကုန်လုံး Rock Star မှ မဟုတ်ဘူး။ Chilli, BLF, G-Family တခြား Family တွေ အများကြီးရှိပါတယ်။ အကုန်လုံးလက်တွဲပြီးတော့ အောင်မြင်မှုဆီကို သွားချင်ပါတယ်။
ဂျောက်ဂျက်အနေနဲ့ သီချင်းတွေကို ပရိသတ်ကြိုက် လုပ်တာလား။ ကိုယ့်စိတ်ကြိုက် လုပ်တာလား။
ကိုယ့်အကြိုက် ကိုယ်လုပ်တာ။ စလုပ်ကတည်းက စာသားကြမ်းကြမ်းကြီးတွေနဲ့ဆိုတာကို ပရိသတ်ကြိုက်လား။ မကြိုက်လားလည်း ကျွန်တော်မသိဘူး။ ကျွန်တော်ကြိုက်တဲ့ပုံစံပဲ ကျွန်တော်လုပ်တယ်။ အခုက ပရိသတ်တွေ အဲဒါမျိုး ကြိုက်တာဆိုတော့ နောက်တစ်ခါ ကျွန်တော် အဲလိုစာသား ကြမ်းကြီးတွေ မလုပ်တော့ဘူး။ ပရိသတ် အကြိုက်ကိုမလိုက်ဘဲနဲ့ ကိုယ့်အကြိုက် ကိုယ်လုပ်မှာ။ ကျွန်တော်ပြောချင်တာက အချစ် သီချင်းတွေလို ပျော့ညံ့တဲ့ ဟာမျိုးတွေကို ပြောတာမဟုတ်ဘူး။ တစ်ယောက်ယောက်ကို ပုတ်ခတ်လိုက်တာမျိုး မဟုတ်ဘဲနဲ့ အခြား အကြောင်းအရာမျိုး လုပ်ချင်တယ်။
ဒါဆို ပရိသတ်တွေကို Respect ဘယ်လောက် ပေးတာလဲ။
ပရိသတ်ကို ကျွန်တော်က ၁ဝဝ% Respect ပေးထားပါတယ်။ ကိုယ်တွေ သူတို့ကို လေးစားမှ၊ သူတို့က ကိုယ့်ကို လေးစားမှာ။ လူတစ်ယောက်က တစ်ယောက်ကို အရိုအသေ ကင်းမဲ့လို့ရှိရင် အဲဒီလူကိုလည်း ဘယ်သူမှ အရိုအသေ ပေးမှာ မဟုတ်ဘူးလေ။
ပရိသတ်တွေ ဂျောက်ဂျက်သီချင်းတွေကို လက်ခံကြတာ စာသားတွေကို ကြိုက်လို့လား။ ဒါမှမဟုတ် စာသားတွေက သူတို့နဲ့ ခံစားချက်ချင်းတိုက်ဆိုင်လို့လား။
တစ်ဝက်လောက်က သူတို့နဲ့ အကြောင်းအရာ တိုက်ဆိုင်လို့။ ကျန်တဲ့ တစ်ဝက်လောက်က ကျွန်တော့် စာသားတွေကို ကြိုက်လို့လို့ ကျွန်တော်ထင်တယ်။
ခုနောက်ပိုင်း လူငယ်တွေ ကြိုက်ကြတဲ့ Hip Hop စာသားမျိုးတွေက ဘယ်လိုမျိုးတွေလို့ ဂျောက်ဂျက် ထင်လဲ။
အမှန်အတိုင်း ပြောရရင် ကျွန်တော် ကြွားတာလည်း မဟုတ်ဘူး။ သူများတွေ မလုပ်နိုင်ဘူးလို့ ပြောတာလည်း မဟုတ်ဘူး။ ခုနောက်ပိုင်း တော်တော်များများက စာသားကြမ်းရင် ကြိုက်သလိုတွေ ဖြစ်နေကြတယ်။ အဲဒါ အရမ်းမှားတယ်။ ကျွန်တော်လုပ်ခဲ့တာ မှားတယ်ဆိုတာ ကျွန်တော်သိနေတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ အဲဒီလောက် ကြမ်းစရာမလိုဘူး။ ကျွန်တော်ကိုယ်တိုင်လည်း နောက်ပိုင်း အဲလိုကြမ်းဖို့ အစီအစဉ်တွေ မရှိတော့ဘူး။ စာသားကြမ်းတိုင်းလည်း မကောင်းဘူး။ အဓိပ္ပာယ်ရှိမယ့် စကားလုံးထွက်တာပဲ ကောင်းတယ်။ အဓိက သီချင်းတစ်ပုဒ်က အဓိပ္ပာယ်ရှိဖို့အဓိကပဲ။
ဂျောက်ဂျက် လုံးဝ နားမထောင်တဲ့ သီချင်းတစ်ပုဒ်က။
ကျွန်တော်လုံးဝ နားမထောင်တဲ့ သီချင်းနာမည် ပြောပြမယ်။ အဲဒီနာမည်က 2005 Rock & Rap အခွေထဲက ‘ဥပေက္ခာ’။
ဂျောက်ဂျက်က ဂီတကို Creation တစ်ခု လို့မြင်လား။ စိတ်ခံစားမှုတစ်ခုလို့မြင်လား။
ကျွန်တော်သီချင်းရေးရင် တချို့ အပုဒ် တွေက Creation ဖြစ်သလို၊ တချို့အပုဒ် တွေက စိတ်ခံစားမှုနဲ့တိုက်ဆိုင်လို့ လုပ်လိုက်တာမျိုးတွေ ရှိတယ်။ ဥပမာ- ကျွန်တော် အိမ်ပေါ်ကဆင်းတဲ့ သီချင်းမျိုးဆိုရင် လုံးဝ Creation ပဲ။ ကျွန်တော်နဲ့လည်း ဘာမှ မဆိုင်ဘူး။ ကျွန်တော်အိမ်ပေါ်ကလည်း တစ်ခါမှ မဆင်းဖူးဘူး။ အရင်က ကောင်မလေးတစ်ယောက်ရဲ့နေရာက ဝင်ပြီးရေးထားတာ။ စိတ်ခံစားမှုသီချင်းမျိုး ဆိုရင် အရူးဖြစ်သွားခြင်း သီချင်းမျိုးပေါ့။ Creation လိုတာမျိုးကိုဆိုရင် အိမ်ပေါ်က ဆင်းသွားတဲ့ဟာမျိုးတို့၊ ဘာမှကြွားစရာမလိုတဲ့ ဟာမျိုးတွေပေါ့။ ကိုယ်ဖြစ်ချင်တဲ့ဟာတွေကို ကိုယ်လျှောက် ရေးထားတာ။
ဂျောက်ဂျက်သာ BronX ကို ရောက်သွားခဲ့ရင် ဘာလုပ်မလဲ။
အင်္ဂလိပ်စကားစပြောမယ်။ အဲဒီအခါမှာ ကျွန်တော်သီချင်း မဆိုတော့ဘူး။ ကျွန်တော့် အဆင့်နဲ့ Rap ဆိုရင် အဲဒီမှာ ရယ်စရာကြီး ဖြစ်နေမယ်။ ကျွန်တော့်အသံ Color နဲ့ ကျွန်တော့် ပုံစံလေးနဲ့။ ဟား ဟား သေချာတာတစ်ခုကတော့ ကျွန်တော် ခါးပိုက်နှိုက်ဖြစ်နေမလားမသိဘူး။
ဆယ်ကျော်သက်အရွယ် အောင်မြင်လာမှုက ဂျောက်ဂျက် ကို တွန်းအား ဖြစ်စေလား။ သာယာမှု တစ်ခုဖြစ်စေလား။
အဲဒါလည်း တစ်ဝက်စီပဲ။ သာယာမှုဖြစ်သလို၊ တွန်းအားလည်း ဖြစ်စေတယ်။ တွန်းအားဖြစ်စေတာက ကိုယ့် Influence ပျောက်သွားမှာတို့၊ ကိုယ့် Respect တစ်ခုပျောက်သွားမှာစိုးလို့ ငါမလုပ်လို့မဖြစ်ဘူး။ သီချင်း အမိုက်စားတွေ မရေးလို့မဖြစ်ဘူးဆိုပြီး တွန်းအားလည်းဖြစ်တယ်။ တစ်ခါတလေကျရင် စိတ်အနှောင့်အယှက်လည်း အရမ်းဖြစ်စေတယ်။ သာယာမှုဆိုတာလည်း ရှိတော့ရှိပါတယ်။
တခြားသော Music ထဲက လူတစ်ယောက်ယောက်က ဂျောက်ဂျက်ကို Foul ထုလာရင်။
ကိုယ်တွေလောက် အောက်သက်ကြေခဲ့ရဲ့လားလို့ မေးချင်တယ်။
ဒီ Music က လွယ်ပါတယ်လို့ ပြောနေတဲ့ သူတွေကို ဘာပြောချင်လဲ။
လူတွေက ကိုယ့်ဂီတကလွဲလို့ သူများဂီတက လွယ်တယ်လို့ထင်နေကြတာချည်းပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း Rock တွေ နားထောင်တယ်။ Guns and Roses တို့ Metallica တို့ထိ နားထောင်တယ်။ ပြီးတော့ Blink-182 တို့၊ Greenday တို့ အဲလိုဟာမျိုးတွေလည်း နားထောင်တယ်။ ပြီးတော့ သူ တို့ဆီမှာ Chord အစားကြီးတွေ တီးတာမျိုး။ ကျွန်တော်တို့မထင်ထားတာ တီးတာမျိုးတွေ။ ကျွန်တော်တို့ Hip Hop မှာတောင်မှ Drum ကို အစားကြီးတွေ တီးတာမျိုးရှိတယ်။ ဂီတတိုင်းမှာ ခက်ခဲမှုတွေရှိလို့လည်း ဂီတတိုင်းက နာမည်ကြီးနေတာလေ။ Guitar တီးတဲ့သူ တစ်ယောက်က Hip Hop တီးတာ လွယ်ပါတယ်ဆိုလို့ရှိရင်၊ တီးကြည့်ပေါ့။ Drumကိုပဲ Bounce ဖြစ်အောင် တီးကြည့်လေ။
ဂျောက်ဂျက် ရဲ့ Family အနေအထားက။
ကျွန်တော်တို့ Family ခွေထွက်မယ်။ Single ဆိုထားတာ တစ်ယောက်တစ်ပုဒ်စီ လောက်ပါမယ်။ Featuring တွေက ကြိုးကြာ၊ စင်ဒီ၊ အိမ့်ချစ်၊ သီရိဆွေ၊ ဘိုလေး၊ ရဲလေး၊ ရသ၊ သားကြီးပါမယ်။ ဆင်ဆာ တင်နေပါပြီ။
ဂျောက်ဂျက်သာ Rocker တစ်ယောက်ဖြစ်ခဲ့ရင် ဘယ်သူ့ကို ဆရာခေါ်မလဲ။
တကယ်တော်တဲ့ Rocker တွေ အားလုံးကို ဆရာလို့ခေါ်မှာပဲ။ ဒီနိုင်ငံမှာ နာမည်တပ်ပြီး ပြောတာထက်စာရင် ကျွန်တော်ကြိုက်တဲ့ Rocker တွေက အများကြီးပဲ။ GNR ထဲကကောင်ကို အရမ်းကြိုက်တယ်။
ဂျောက်ဂျက် ရဲ့ Solo Album ကို ဘယ်လိုပေးထားလဲ။
”ငါသည်သာ ငါ့ပြိုင်ဘက်”။
ဒီနိုင်ငံက ပထမဦးဆုံးHip Hop Magazine လို့ ပြောလို့ရမယ့် The Street Magazine ကို ဘယ်လိုမြင်လဲ။
ဒီမှာ ဘယ်သူမှ မလုပ်သေးတာကတစ်ကြောင်း၊ ရေရှည်မှာ စီးပွားရေးအတွက် ကောင်းချင်ကောင်းနိုင်မယ်။ မကောင်းရင်လည်း မကောင်းနိုင်ဘူး။ တစ်မြို့လုံးက Rapper တွေအားလုံး စိတ်ဝင်စားကြမယ်လို့ ထင်တယ်။ ပြီးတော့ ခရီးတစ်ခုတော့ ရောက်လိမ့်မယ်လို့လည်း ကျွန်တော်ထင်တယ်။
ပရိသတ်တွေကို ဘာတွေခြွေဦးမလဲ။
Family အနေနဲ့ ပြောရမယ်ဆိုရင် အဟောင်းလို့သာ မပြောရင်မပြောမယ်။ ကျွန်တော်တို့ လူသစ်တွေ မဟုတ်တော့ဘူး။ ကျွန်တော်နဲ့ ကျော်ထွဋ်ဆွေဆိုရင် Family ထဲမှာ ဝါအနုဆုံး။ (၄)နှစ်နဲ့ (၅)နှစ် ကြားမှာ ရှိတယ်။ Ah Boy တို့ဆို (၆) နှစ်၊ ထိန်ဝင်းတို့ဆို (၅)နှစ် ကျော်ပြီ။ Professional Mic Skill တွေရှိချင်မှ ရှိလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ပိုင် Mic Skill တွေရှိနေကြပြီ။ သီတင်းကျွတ် Show မှာဆိုရင် အရင်က Family နာမည်ကို အရမ်းနှမျော သွားတယ်။ ကျွန်တော် စင် အောက်က ပရိသတ်တွေကို မေးလိုက်တယ်။ ‘ကျွန်တော်တို့ Family နာမည် ဘယ်လို ခေါ်လဲ လို့’V.I.P ဆိုပြီး တစ်ကွင်းလုံးက ထွက်လာတယ်။ V.I.P ဆိုတဲ့ နာမည်ကို အရမ်းနှမြောသွားတယ်။ မပြောင်းလို့ လည်း မဖြစ်ဘူး။ အဲဒီနာမည်ကို သံယောဇဉ် အရမ်းဖြစ်တယ်။ ကိုယ်တွေ ဒီ Familyနဲ့ စလာတာ (၁) နှစ်ကျော်လောက်ရှိပြီ။ ဒီ Family နဲ့ ကိုယ်တွေ နာမည်ရခဲ့တဲ့အတွက် အရမ်းနှမြောတယ်။ စိတ်ထဲမှာ တော်တော်ကြီးကို နင့်သွားတယ်။ V.I.P ကို ချစ်တဲ့သူတွေ Rock Star နာမည်ပြောင်းတယ်။ နာမည်ပဲ ပြောင်းတယ်။ လူအပြောင်းအလဲ မရှိဘူး။ အရည်အချင်း ပြောင်းလဲမှုမရှိဘူး။ အခြေအနေကြောင့်သာ နာမည်ပဲပြောင်းသွားတာပါ။ ပုံစံ မပြောင်းဘူး။ ဒါကြောင့် V.I.P ကို အားပေးတဲ့သူမှန်သမျှ Rock Star ကို အားပေးကြလိမ့်မယ်လို့ယုံကြည်ပါ တယ်။ ။
ကျော်ထွဋ်ဆွေ Rock Star အင်တာဗျူး
ကျွန်တော် Myanmar Hip Hop Channel မှကူးယူ တင်ပြခြင်း ဖြစ်ပါတယ် ။
မေး - ကိုကျော်ထွဋ်ဆွေရေ မင်္ဂလာပါနော်။ မိုးကတော့ MYMC Online Radio က Choco ပါ။ ပထမဦးဆုံးမေးခွန်းလေးအနေနဲ့ အစ်ကို့ရဲ့မွေးနေ့ရယ်အသက်ရယ်ကို ပရိသတ်ကြီးသိအောင်ပြောပြပေးပါဦးနော်။
ဖြေ - ဟုတ်။ ကျွန်တော့်မွေးနေ့က ၃လပိုင်း ၁၀ရက် မတ်လပေါ့နော်။ အသက်ကကျွန်တော် ၂၄နှစ်ထဲမှာဗျ။
မေး - အခုဆိုရင် ကိုကျော်ထွဋ်ဆွေရော၊ Rock Star ရောပါ လူတွေကတော်တော်သိလာကြပြီနော်။ အဲ့ဒီအပေါ် အစ်ကိုကျေနပ်အားရမှုရှိပြီလား။
ဖြေ - ကျေနပ်လားဆိုတော့.. ကျွန်တော်တို့တစ်ဖွဲ့လုံး ဘယ်သူ့မေးမေးကျေနပ်တယ်လို့ ဘယ်သူမှပြောမှာ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရှေ့မှာ လုပ်စရာတွေအများကြီးလည်း ရှိသေးတယ်။ လုပ်နေတာတွေ အများကြီးလည်းရှိသေးတယ်။ လုပ်ချင်တာတွေအများကြီးလည်း ရှိသေးတယ်။ ပြောရရင်တော့အများကြီးပေါ့။ အဲ့ဒီတော့ မကျေနပ်သေးဘူး။.....
မေး - အစ်ကို ဒီ Hip Hop လောကထဲကို စတင်ဝင်ရောက်ချိန်လေးကိုလည်း သိပါရစေရှင်။
ဖြေ - အင်း.. ကျွန်တော် ၂၀၀၄-၀၅ ကြားထဲလောက်မှာစရောက်တာဗျ။ အခုထိကိုမျောနေတာပေါ့။
မေး - အစ်ကို့ရဲ့ လက်ဦးဆရာ၊ ဒါမှမဟုတ် ဒီလောကထဲရောက်အောင် တွန်းပို့ပေးခဲ့အကြောင်းအရာများရှိရင်လည်း သိပါရစေ။
ဖြေ - ဟုတ်။ ကျွန်တော့်ကို ဒီ.. music နဲ့ပတ်သက်ပြီး သင်ပေးတာက ဦးမြတ်မင်း။ ဦးမြတ်မင်းဆိုတာ.. သူကကီးဘုတ် တီးတာပေါ့။ music အကြောင်းတော်တော်သိတယ်။ သူသင်ပေးတာ။ Hip Hop နဲ့ပတ်သက်ရင်တော့ ကျွန်တော့်ဆရာ၃ယောက်ရှိတယ်။ ကိုလင်းပင်ဟိန်းရယ်၊ ကိုရသရယ်၊ ကိုရဲလင်းအောင် (Bigg Y) ပေါ့။ သူတို့ ၃ယောက်။
မေး - ဘယ်သီချင်းနဲ့ အစ်ကို့ကို ပရိသတ်က စပြီးအသိအမှတ် ပြုလာတယ်လို့ထင်ပါသလဲရှင်။
ဖြေ - (ရယ်လျက်) “ဘူလေးလဲ”..။ ဟုတ်တယ် အဲ့သီချင်းနဲ့စပြီးသတိထားမိတယ်ထင်တာပဲ။
မေး - အရင်က AJL ဆိုတဲ့ family လေးတစ်ခုရှိတယ်နော်။ အစ်ကို အဲ့ဒီအကြောင်းလေးကိုလည်း MYMC ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦးရှင်။
ဖြေ - AJL .. ဟုတ်တယ် AJL နဲ့ ကျွန်တော်လုပ်တယ်။ အခွေ.. အတွဲခွေ ၂ခွေတောင် ထွက်ထားဖူးတယ်ဗျ။ ဟိုဟာ.. “Hip-Hop Crazy” ဆိုတဲ့အခွေရယ်၊ ဟို.. “အကြောင်းပြချက်မရှိ” ဆိုတဲ့အခွေရယ်။ နှစ်ခွေလုံး VCD ထွက်ပြီးသွားပြီ။ ဒါပေမယ့်ဘယ်သူမှ သိပ်သတိမထားမိလိုက်ဘူး။ ကျွန်တော်တို့.. ကျွန်တော်တို့ဂွမ်းတာလည်းပါတာပေါ့နော်။
မေး - အစ်ကိုက သီချင်းအေးအေးလေးတွေရော၊ Rap ကြမ်းကြမ်းလေးတွေရော နှစ်ဖက်လုံးမှာမျှတယ်နော်။ နောက်ပိုင်းမှာရော ဘယ်ဖက်ကိုပိုပြီးအားသန်သွားဖို့ရှိလဲမသိဘူးရှင့်။
ဖြေ - (ရယ်လျက်) အဲ့လိုတော့မရှိဘူးဗျ။ နှစ်ဖက်လုံးမျှတယ်ရယ်လို့တော့လည်း မဟုတ်ပါဘူး။ ဟို.. ဘယ်လိုပြောမလဲ ကျွန်တော်လုပ်တတ်တာ၊ ကျွန်တော်ရေးတတ်တာ ဟို.. ကျွန်တော့်အကြောင်းပဲ ကျွန်တော်ရေးတတ်တာလေ။ ကျွန်တော့်ဘဝမှာ ဖြစ်ဖူးတာတွေပဲရေးတာဆိုတော့ ကျွန်တော်ချစ်လည်းချစ်ဖူးတယ်၊ မုန်းလည်းမုန်းဖူးတယ်၊ ဘယ်လိုခေါ်မလဲ.. ပျော်လည်းပျော်ဖူးတယ်၊ ရန်သူလည်းရှိဖူးတယ်ဆိုတော့ အဲ့အကြောင်းတွေကိုပဲလုပ်ပြီးတော့ သီချင်း.. အဲ့လို.. ဒီတိုင်းပဲဖြစ်မှာပါ မျှမှာပါ။
မေး - အစ်ကိုရေးခဲ့တဲ့သီချင်းတွေထဲမှာ မှတ်မှတ်ရရလေးပေါ့နော်။ အဲ့လိုမျိုးဖြစ်သွားတဲ့ သီချင်းလေးများရှိရင်လည်း ပရိသတ်ကြီးရှိအောင်ပြောပြပေးပါဦး။
ဖြေ - အဲ့ဒါက.. ခုနပြောတဲ့ သီချင်းပဲ “ဘူလေးလဲ” .. ဟုတ်တယ်။ အမှတ်တရဖြစ်စရာက အဲ့မှာဘာရှိလဲဆိုတော့ အဲ့သီချင်းက ကျွန်တော့်သီချင်း၊ ဒါပေမယ့် ခိုးကူးတွေမှာပြန့်သွားတော့ ဂျောက်ဂျက်နာမည်နဲ့ပြန့်သွားတယ်။ အဲ့သီချင်းကြောင့်ပဲ ဂျောက်ဂျက်ပြဿနာတက်တဲ့ ၅၀% ပါသွားတယ်။ လုံးဝအမှတ်တရပဲ။
မေး - အစ်ကိုဆိုခဲ့တဲ့သီချင်းတွေထဲက new school အချစ်သီချင်းကို ရေးဖြစ်သွားပုံလေးကိုလည်း သိချင်ပါတယ်ရှင်။
ဖြေ - new school အချစ်သီချင်း.. တော်တော်များများသိတာတော့ အဲ့ဒီသီချင်းကို “အာဘွား” လို့သိတာ။ ဟုတ်တယ်.. ရေးဖြစ်သွားတာတော့ ဘာရယ်လို့မဟုတ်ဘူးဗျ ဟို.. ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ အတွဲလေးတွေပေါ့နော်၊ ကျွန်တော်လည်းပါခဲ့ဖူးပါတယ်။ ဖုန်းချခါနီးတို့ဘာတို့ အဲ့လိုစိတ်ကောက်လို့ ချော့တဲ့အချိန်တို့ဘာတို့ဆို အဲ့ဒီ “အာဘွား” ဆိုတဲ့စာလုံးလေးကိုသုံးတယ်။ အဲ့ဒါလေးအဓိကသုံးထားတာ။
မေး - လောလောဆယ်နောက်ထပ် solo album ရော ထပ်ထွက်ဖို့ရှိသေးလားအစ်ကို။
ဖြေ - ရှိတယ်ဗျ။ ရှိတယ်ဆိုတာ.. ဒီတစ်ခါတော့ underground မဟုတ်တော့ဘူး။ ကျွန်တော်.. အခွေထွက်ဖို့လုပ်နေတယ် တစ်ပုဒ်ပဲကျန်တော့တယ်။ ပြီးတာနဲ့ထွက်မယ်။
မေး - ကိုကျော်ထွဋ်ဆွေရဲ့ သီချင်းနဲ့ performance အပေါ် ပရိသတ်ကတုံ့ပြန်လာမှုကို ကျေနပ်အားရမှုရှိပြီလား။
ဖြေ - အင်း.. ဘယ်လိုခေါ်မလဲ.. ကျေနပ်လားဆိုတော့ အဲ့ဒါကြီးတော့အဲ့လိုကြီးတော့ အတိအကျမသိဘူးခင်ဗျ။ ကျွန်တော့်သီချင်းကို အောက်ကလူတွေရလို့လိုက်ဆိုရင်ပျော်တယ်။ ပရိသတ်တွေလိုက်ဆိုရင်ပျော်တယ်။ လိုက်မဆိုတဲ့အချိန်ကျရင် ဝမ်းနည်းတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်ကြိုက်လို့ကိုယ်လုပ်ထားတဲ့သီချင်းပဲ ဘယ်လိုပဲလာလာကျေနပ်တယ်။
မေး - V.I.P အဖွဲ့လေး စတင်ဖြစ်ပေါ်လာပုံလေးကိုလည်း ရှင်းပြပေးပါဦးအစ်ကို။
ဖြေ - V.I.P က ကျွန်တော်တို့ ထိန်ဝင်းနဲ့ Ah boy စတာပေါ့။ ဟိုဘက်မှာ Noise City (studio) မှာ ထိန်ဝင်းရယ် Ah boy ရယ်လုပ်နေတယ်။ ဒီ.. 65 (studio) မှာ ကျွန်တော်ရယ် ဂျောက်ဂျက်ရယ် နှစ်ယောက်တွဲလုပ်နေတယ်။ အဲ့မှာ.. ပြီးတော့မှ လေးယောက်ပေါင်းလိုက်တာ။ V.I.P ဖြစ်သွားတယ်။ အဲ့မှာစတွေ့တာပဲ။
မေး - Rock Star အနေနဲ့ပဲ ရှိုးပွဲလေးလုပ်ဖို့ရောအစီအစဉ်ရှိလား။
ဖြေ - အစီအစဉ်ရှိလားဆိုတော့ အစီအစဉ်တော့ရှိတယ်။ ခဏခဏလည်း စိတ်ကူးယဉ်ဖူးတယ်ဗျ။ ဟို.. ဘယ်လိုခေါ်မလဲ လုပ်ချင်တာပေါ့နော်အရမ်းကို။ အခြေအနေပေးရင်တော့ လုပ်ဖြစ်မယ်ထင်တယ်။ ကြိုးစားတုန်းပေါ့အခုတော့။
မေး - Rock Star အဖွဲ့မှာ ကိုလွှမ်းပိုင်ဝင်ရောက်လာပုံလေးကိုလည်း သိပါရစေရှင်။
ဖြေ - အင်း.. လွှမ်းပိုင်က တိုက်ဆိုင်တာဗျ.. အဲ့ဒီရှိုးတစ်ခုမှာ 89 ဆိုတဲ့အဖွဲ့လေးက sample ခွေလေးလာပေးတယ်။ Ah boy လက်ထဲရောက်သွားတယ် အဲ့ဒီအခွေက။ အဲ့ဒီမှာ အဲ့ဒီအခွေမှာ လွှမ်းပိုင်ဖုန်းနံပါတ်လေးပါတယ်။ အဲ့အခွေနားထောင်ရင်းနဲ့ အဲ့ဒီအခွေကတော်တော်မိုက်တယ် တော်တော်မိုက်တယ်၊ ဖုန်းဆက်ပြီးတော့ကျွန်တော်တို့ သီချင်းအတူတူလုပ်ကြည့်တာ သီချင်းအတူတူလုပ်ကြည့်တော့အရမ်းကိုမိုက်တယ်။ အဲ့ဒါနဲ့သူ့ကိုပါမလားဆိုတော့ သူကလည်းပါမယ်ဆိုတာနဲ့ အဆင်ပြေသွားတာ။
မေး - Rock Star family member တွေမှာတခါတလေတော့ သဘောထားကွဲလွဲမှုလေးတွေရှိမှာပေါ့နော်။ အဲ့လိုအချိန်မျိုးကျရင် ဘယ်လိုမျိုးညှိနှိုင်းကြလဲမသိဘူးရှင့်။
ဖြေ - သဘောထားကွဲလွဲတာတော့.. တခါတလေမှ မဟုတ်ပါဘူး။ အမြဲတမ်းနီးပါးပဲ (ရယ်လျက်)။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်ဗျ။ တွေ့တာနဲ့ကိုက်နေတာ။ ဒါပေမယ့် အဆင်ပြေပါတယ် ဘယ်လိုခေါ်မလဲ.. ပြဿနာရှိရင်တည့်တည့်ပြောတယ်၊ ညှိတယ်၊ လုံးဝအဆင်မပြေလို့ရှိရင် ကျွန်တော်တို့ တစ်ပတ်လောက်စိတ်ကောက်နေလိုက်တယ်။ အဲ့ဒါဆို ပြန်အဆင်ပြေသွားရော။
မေး - အစ်ကို့ရဲ့တချို့သီချင်းလေးတွေထဲမှာ ကောင်မလေးနာမည်လေးတွေပါတယ်နော်အစ်ကို။ အဲ့ဒါ real story လေးတွေလား၊ ပြောပြပါဦး။
ဖြေ - အဟား.. real story.. အေးပေါ့.. တကယ့်အဖြစ်အပျက်တွေပေါ့၊ ဘယ်လိုပြောမလဲ.. ကျွန်တော်သူများနာမည်ကြီးတွေ လျှောက်ဆိုနေလည်း ရယ်ရမှာ၊ ဟာသကြီးဖြစ်နေမှာ ကိုယ်နဲ့လည်း ဘာမှမဆိုင်ဘဲနဲ့... ဒါပေမယ့် အများကြီးတော့မရှိပါဘူး၊ နှစ်ပုဒ်လား သုံးပုဒ်လားပဲရှိဖူးတာ။ ဟုတ်။
မေး - ပရိသတ်က အစ်ကိုရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားနေကြတယ်ရှင့်။ အဲ့ဒါ အစ်ကိုရဲ့ရင်ခုန်သံလေးကိုလည်း MYMC ပရိသတ်ကြီးသိအောင်လို့ ပြောပြပေးပါဦးနော်။
ဖြေ - (ရယ်လျက်) အဲ့ဒီမေးခွန်းက တော်တော်ဖြေရခက်သွားပြီ။ ဘာလို့လည်းဆိုတော့ ကျွန်တော်အရမ်းချစ်ဖူးတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ကောင်မလေးနဲ့ လွန်ခဲ့တဲ့နှစ်လကတည်းက ပြတ်သွားပြီ။ ဟုတ်တယ်.. တော်တော်ကြီးကို အဆင်မပြေတော့တဲ့အခြေအနေတစ်ခုမှာ လမ်းခွဲလိုက်ရတယ်ပေါ့။ ငိုတော့မငိုသေးပါဘူး.. ဟဟား။
မေး - ကိုကျော်ထွဋ်ဆွေရဲ့ Hip-Hop အပေါ် ခံယူချက်လေးကိုလည်း သိပါရစေရှင်။
ဖြေ - ဟုတ်။ ကျွန်တော်ခံယူထားတဲ့ Hip-Hop က ကျွန်တော့်အမြင်ပေါ့နော်၊ ကျွန်တော့်အမြင်နဲ့ ကျွန်တော်ခံယူထားတာက ဘယ်လိုပြောမလဲ.. Hip Hop ဆိုတာ လမ်းမကို ကိုယ်စားပြုတဲ့ဂီတ၊ လူငယ်တွေကိုကိုယ်စားပြုတဲ့ဂီတ၊ တကယ်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို ကိုယ်စားပြုတဲ့ဂီတ၊ အဲ့ဒီဟာတွေပေါင်းစပ်ထားတဲ့ ဂီတတစ်ခုလို့မြင်တယ်။
မေး - အခုလက်ရှိရော သီချင်းအသစ်လေးတွေလုပ်နေလားအစ်ကို။ အစ်ကိုဘာတွေလှုပ်ရှားနေလဲဆိုတာ MYMC ပရိသတ်ကြီးများ သိခွင့်ရမလားရှင်။
ဖြေ - ဟုတ်။ အခု သီချင်းသစ်တွေအများကြီးလုပ်နေတယ်ဗျ။ ဟို.. ကျွန်တော်ခုနပြောခဲ့သလိုပေါ့ ကျွန်တော့်အခွေလုပ်နေတယ် တစ်ကိုယ်တော်အခွေလုပ်နေတယ်။ တစ်ပုဒ်ပဲကျန်တယ်။ ပြီးတော့မယ်။ အဲ့ဒါပြီးတာနဲ့ ထွက်ဖို့ရှိတယ်။ လောလောဆယ် စန္ဒီမြင့်လွင့်အခွေထဲမှာ ဝင်ဆိုပေးထားတဲ့ “လမ်းခွဲခြင်း” ဆိုတဲ့သီချင်း.. အဲ့ဒါ VCD ထွက်ဖို့ရှိတယ်။ “ပျော်စရာကြီး” ဆိုတဲ့ အတွဲခွေတစ်ခွေထဲမှာ “ညာတာပါတေး” ဆိုတဲ့သီချင်း Live Show ထွက်ဖို့ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ဒီတစ်ဖွဲ့လုံး Rock Star အခွေက ထွက်မယ်ထွက်မယ်နဲ့ တော်တော်ကြာနေတယ်၊ ကြေငြာပြီးတော့ မထွက်ဖြစ်ဘူး။ အဲ့ဒါလေးကထွက်ဖို့ရှိတယ်။ ခဏလေးသည်းခံပြီးစောင့်ပေးပါလို့။ အဲ့ဒါတော့ Rock Star ကိုယ်စား ကျွန်တော်တောင်းပန်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နည်းနည်းလေး ပြဿနာတက်နေလို့ပါ။
မေး - လူငယ်တွေက လူငယ်တွေအတွက်လုပ်ပေးနေတဲ့ MYMC Online Radio အပေါ် အစ်ကို့ရဲ့ အမြင်နဲ့အကြံဉာဏ်လေးကိုလည်း ပြောပြပေးပါဦးနော်။
ဖြေ - ဟုတ်။ အမြင်ကိုပြောရရင်တော့ အရမ်းမိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ.. အင်တာနက်ဆိုင်တိုင်းလိုလိုမှာ လူငယ်တော်တော်များများ၊ လူငယ်ပရိသတ်တော်တော်များများက ဖွင့်ဖွင့်ပြီးနားထောင်နေတာ ကျွန်တော်ကိုယ်တိုင်လည်းမြင်နေရတာပဲ။ ဟို.. ကျွန်တော်လည်းနားထောင်နေတာပဲအားနေ။
မေး - မေးခွန်းလေးတွေမေးနေတာလည်း များနေပါပြီအစ်ကို။ နောက်ဆုံးအနေနဲ့ MYMC ကနေတစ်ဆင့် အစ်ကို့ရဲ့ပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲရှင်။
ဖြေ - ဟုတ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ဒီ.. MHA (Myanmar Hip-Hop Association) ရဲ့ တတိယမျိုးဆက်တွေကို အားပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်လို့။ ကျွန်တော်တို့နောက်ပြီးတော့ လုပ်သမျှအသစ်အသစ်တွေ အားလုံးကိုလည်း ဆက်လက်အားပေးပါလို့ ပြောချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
မေး - အခုလိုမေးခွန်းများကိုစိတ်ရှည်လက်ရှည်နဲ့ဖြေကြားပေးတဲ့ ကိုကျော်ထွဋ်ဆွေကို MYMC တစ်ဖွဲ့လုံးကိုယ်စား မိုးကနေပဲကျေးဇူးတင်ပါတယ်နော်။ ဒီ့ထက်လည်း အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဖြေ - ဟုတ်ကဲ့ပါ။ ပေးတဲ့ဆုနဲ့ အများကြီးပြည့်ပါစေညီမရယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။
Hip Hop ကိုကြိုက်တယ် Hip Hop ဆိုတဲ့ကောင်တစ်ချို့ ကိုစောက်မြင်ကပ်တယ်
ကျွန်တော့်အနေနဲ့  သီချင်းတွေထဲမှာ Hip Hop ကိုအရမ်းကြိုက်ပါတယ်....
အရင်ကHip Hop သီချင်းဆိုရင်ကျွန်တော် အကုန်လုံးကိုကြိုက်ပါတယ်....
ခုနောက်ပိုင်မှာ.ဆိုရင်တော့...နည်းနည်းရွေးတယ်ဗျ....ဘာလို့ လည်းဆိုတော့က
Hip Hop ဆိုတဲ့လူတွေကိုတော်တော်လေးကို ရိုင်းလာကြတယ်ဗျာ....
အဲ့တာကြောင့်ရွေးရတာပေါ့ဗျာ......တစ်ခုပြောချင်တာကတော့
ကျွန်တော်တို့  အေးသာယာမှာအခု....တော်တော်လေးကို ရူးနေကြတဲ့
အဖွဲ့ တစ်ဖွဲ့ ရှိ့ ပါတယ်.....အဖွဲ့ လားဘာလားတော့မသိဘူးဗျာ....
သူတွေတွေကတော့အတူတူတွေပဲပါ......အဲ့ထည်းမှာ....ကျွန်တော်ကြိုက်တဲ့
အဆဆိုရှင်တစ်ယောက်ရှိ့ ပါတယ်....ကျန်တဲ့ ကောင်တွေအားလုံးကိုတော့ကျွန်တော်
အရမ်းကိုစောက်မြင်ကပ်တယ်ဗျာ......ဘာလို့ ကပ်ရတာလည်းဆိုတော့က
စောက်ဖြစ်မရှိ့ ပဲနဲ့ စောက်ပေါကြီးတွေလို......စောက်ရူးကြီးတွေလို
နေနေလို့ ပါ အော်ကျယ်အော်ကျယ်နဲ့ ဆိုင်ထဲလာရင်လုံးဝကိုကြည့်လို့ မရတာပါဗျာ
မင်းကိုတစ်ခုပြောလိုက်မယ်....သူများဒီဇိုင်းလိုက်တုပြီတော့နာမည်မကြီးချင်းနဲ့ 
မင်းတစ်ကယ်နာမည်ကြီးချင်တယ်ဆိုရင်......လမ်းဘေးမှာဖင်သွားခံလိုက်အဲ့တာဆိုရင်မင်းရဲ့ နာမည်ကတော်တော်
လေးကိုကြီးလာမှာကွ...ဟဟဟဟ ဘယ်လိုကြီးမလည်းဆိုတော့ ကို(........) ဘယ်သူကဖင်ခံနေတနယ်ဆိုပြီတော့လေ....
မင်းနာမည်ကြီးချင်တာမဟုတ်လား.......
အဲ့လိုလုပ်ကြာလားဟေ့ကောင်........
ကျွန်တော်ကြိုက်တယ်ဆိုတဲ့ အဆိုရှင်တစ်ယောက်ကတော့ ကျွန်တော်နဲ့ ဘာသာလည်းတူတယ်.....ပေါ့ဗျာ....အရင်ကလည်းတော်တော်လေး
ခင်ဖူးတယ်ဗျ.....
ပြီတော့ တစ်ခုပြောချင်တာအေးသာယာမှာ (ဆု)လေးတစ်ခါရပြီးတော့အဆိုတော်ဖြစ်ချင်နေတဲ့ကောင်လည်းစောက်ပြောလေးပြင်စေချင်တယ်....
အရမ်းနားဆူးတယ်....အဲ့လိုကောင်မျိုးကိုလည်း ကျွန်တော်စောက်ထင်ကိုမကြီးဘူးဗျာ.......ခုပြောနေတာတွေကိုမကျေနပ်ဘူးဆိုရင် မင်း
ဆက်သွယ်လိုက်နော်......ဆိုက်ခေါင်စည်းမှာ...E-Mail.....ပါတယ်......ဘောပဲ
အေးသာယာက စောက်မြင်ကပ်တဲ့ ကောင်တွေအကြောင်း
ဟုတ်.....ဟုတ်....ဟုတ်.....
ဘာရယ်တော့မဟုတ်ပါဘူးဗျာ.........စောက်မြင်ကပ်တာလေးတွေများလားလို့ ပါဗျာ.......
အဲ့ကောင်တွေပေါ့ဗျာ......စောက်ဆင့်မရှိ့ စောက်အောက်တန်းစားကောင်တွေလေ.......
ယင်ယင်လေးကိုရူးနေတာ......ဗျ....သိလားဘယ်လိုရူးတာလည်းဆိုတော့အဆိုတော်ရူးရူးနေတာ.......
အဲ့တာအင်တာနတ်ဆိုင်လာရင်လည်း နားတွေကိုဆူလို့ ပေါ့ ရူးနေကြတာလေ......
တစ်ယောက်ကိုတော့တော်တော်လေးသဘောကျတယ်.....ကျွန်တော်နဲ့ လည်းခင်တယ်ဘာသာလည်းတူတယ်
သူ့ ကိုတော့အမြဲအားပေးနေချင်တယ်....ဒါပေမယ်....သူ့ ဒီဇိုင်းကိုလိုက်တုနေတဲ့ စောက်ပေါကောင်တွေကိုတော့
စောက်ထင့်ကိုမကြီးဘူးဆိုတာသိစေချင်တယ်......ဗျ.....အဲ့လိုကောင်တွေကိုလဲ မောင်မောင်တိုးက
လီးပဲထင်တယ်လို့ ပြောချင်ပါတယ်........မကျေနပ်ဘုးဆိုရင်တော့......ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကိုပြောနော်.....
တစ်ယောက်ကြေးလည်းရတယ်........မင်းအမေလင်တွေခေါ်ခဲ့ရင်လည်းရတယ်.......ကြိုက်တဲ့ကောင်ခေါ်ခဲ့.....
မင်းတို့ လိုကောင်တွေကိုလီးပဲထင်တယ်.......အော်အော်အော်အော်.....ကြိုက်တဲ့အချိန်လာခဲ့လို့ ပြောပြီးဘယ်ကိုလာရမလည်း
မပြောရသေးဘူး....ငါအေးသာယာမှာနေတယ် Panorama အင်တာနတ်ဆိုင်မှာအမြဲလိုလိုရှိ့ တယ်....
ကျေးဇူးတင်ပါတယ်......လီးပဲထင်ပါတယ်........
Thursday, January 3, 2013
http://ascii.pinnwandpic.de/ http://www.webestools.com/stylish-text-generator-nickname-message-msn-facebook-windows-live-messenger-text-accents-effect-ascii-text.html http://fsymbols.com/generators/tarty/ http://namefunk.com/ http://www.funscrape.com/cool-stylish-text-maker.aspx http://www.fontgeneral.com/ http://www.facebookmemes.net/meme-text-maker/ http://en.utilidades-utiles.com/download-ascii-generator-dotnet.html http://www.smsnshayari.com/flower-generator/ http://supersymbols.weebly.com/artists.html http://www.facebook.com/Pinnwandpics/app_190322544333196 http://sourceforge.net/projects/ascgen2/ http://fairylandfriends.com/category/graffiti/textart/
Facebook မှာ စာလုံးပုံစံဒီင်္ဇိုင်းအဆန်းတွေနှင့်ရေးချင်ရင်
╔╦╦═╦═══════╦══╦╦══╗
║║╝╔╬╦╦═╦╦╦╗╠═╝╠╬═╗║
║║╗╚╣║╠╝║║║║║╔═╣║║║║
║╚╩═╬╗╠═╩══╝╚══╩╩╩╝║
╚═══╩═╩════════════╝
╔╦╦╦╦═╦╦╦╗╔══╦╦═╦╗
║═╬╗║╩║║║║╠╝╔╣║║║║
╚╩╝╚╩╩╩══╝╚══╩╩╩═╝
[̲̅K̲̅][̲̅y̲̅][̲̅a̲̅][̲̅w̲̅][̲̅ ̲̅][̲̅Z̲̅][̲̅i̲̅][̲̅n̲̅]
[̲̅♥̲̲̅̅K̲̲̅̅y̲̲̅̅a̲̲̅̅w̲̲̅̅ ̲̲̅̅Z̲̲̅̅i̲̲̅̅n̲̲̅̅♥̲̅]
:¨·.·¨:
`·. Ӄɏαω ₴ïɳ
¨°o.OⓀⓨⓐⓦ ⓏⓘⓝO.o°¨
սᴉZ mɐⵃʞ
ᴷʸᴬᵂ ᶻᴵᴺ
K̅y̅a̅w̅ ̅Z̅i̅n̅
K̲y̲a̲w̲ ̲Z̲i̲n̲
̶K̶̶y̶̶a̶̶w̶̶ ̶̶Z̶̶i̶̶n̶
ky4w 2!n
ƙՎԹա ՀɿՌ
кץคฬ zเภ
Ķẏᾄᾧ Źἷᾗ
₭ȳāw Ƶīn
Ӄצą௰ ☡ᵢռ
Ӄẙąⱳ Ζïɳ
长丫丹山 . 乙工仈
█< `▄´ ▄▀▄ █Λ█ . ▀█▄ ║ █\█
█▄▀ █..█ ▄▀▄ \\.//\\.// . ▀// ▀█▀ █\ █
█▀▄ .▐▌. █▀█ .\\//\\//. . //▄ ▄█▄ █ \█
Facebook မှာ အပေါ်ကလို ပုံစံမျိုးလေးလုပ်ချင်ရင်အောက်ကဆိုဒ်တွေမှာမိမိကြိုက်တာရေးပြီး copy လုပ်လို့ရပါတယ်......
http://ascii.pinnwandpic.de/
http://www.webestools.com/stylish-text-generator-nickname-message-msn-facebook-windows-live-messenger-text-accents-effect-ascii-text.html
http://fsymbols.com/generators/tarty/
http://namefunk.com/
http://www.funscrape.com/cool-stylish-text-maker.aspx
http://www.fontgeneral.com/
http://www.facebookmemes.net/meme-text-maker/
http://en.utilidades-utiles.com/download-ascii-generator-dotnet.html
http://www.smsnshayari.com/flower-generator/
http://supersymbols.weebly.com/artists.html
http://www.facebook.com/Pinnwandpics/app_190322544333196
http://sourceforge.net/projects/ascgen2/
http://fairylandfriends.com/category/graffiti/textart/
အဆင်ပြေကြပါစေ။
တောင်ကြီင်္းမြိုအကြောင်
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်
အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်
တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်
နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´
ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်
(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်
ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်
အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်
တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်
ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သား
ရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကို
အခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)
နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာ
ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။
ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁)
ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်က
တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသော
ပအိုဝ့်ရွာများ ရှိသည်။ ``၀ိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍
ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခု
တောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်
တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း
တင်ရမည် ဖြစ်ပါသည်။
တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သော
ပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။
ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံ
တောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။
အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာ
ရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊
မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၎
ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်
တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင်
မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး
ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကို ပြုပြင်ကာ
တောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းက
ယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကို
မှတ်သားရပေသည်။
မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀
ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်
တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့်
တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။
အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့
အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်
နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကို
ရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။
မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာ
ကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏
အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌
ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်
မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။
ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်က
ပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်
အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။
ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်း
ဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်း
နေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခု
တောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။
စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်က
ဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်
ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာ
တောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။
အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာ
က အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊
နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။
အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှ
အင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမား
ကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။
ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊
ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်
ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမ
တောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်
ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း
တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။
စာကိုး
1. ↑ စူဠာမုနိ လောကချမ်းသာ စေတီတော် တည်ဆောက်ရေး မှတ်တမ်းစာအုပ်
စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်
စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။
တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှားခွင့်မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆိုတဲ့အကြောင်းကို တစ်ခြားအိမ်အကူအမျိုးသမီးတွေကိုပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။
Network ကနေ အခြား စက်ဟန်းအောင်လုပ်နည်း
အခုပြောပေးတဲ့ နည်းပညာကတော့ နည်းပညာတစ်ခုပဲ မှတ်ယူလေ့လာပါ ပေါက်ပေါက်ရှာရှာတော့ သူများသွားမလုပ်ပါနဲ့ ကိုယ်ချင်းစာပါ လို့ပဲပြောချင်ပါတယ်
ကဲ စလိုက်ရအောင်
ပထမဆုံး
Window + R နဲ့ Run ကို အရင်ခေါ်လိုက်ပါ နောက် cmd လို့ ရိုက်လိုက်ရင် command box ကျလာလိမ့်မယ်
အဲဒီမှာ ping xxx.xxx.xxx.xxx -t -l 65500 လို့ရိုက်ထည့်လိုက်ပါ xxx ဆိုတာကတော့ဥပမာ ပေးထားတာ ကိုယ်ပြုလုပ်ချင်တဲ့ စက်ရဲ့ IP Address ကို အဲနေရာမှာ ထည့်ရပါမယ် အဲဒီလိုping ကြည့်ပြီးရင်ဟိုဖက်က Window Firewall ခံမထားဘူးဆိုရင် Replay ပြန်လာလိမ့်မယ် ဒီ command box ကို မပိတ်ဘဲနဲ့ ဖွင့်ထားလိုက်ပါ ၁၀မိနစ်ခန့်လောက်ကြာရင်မိမိ ပြုလုပ်ထားတဲ့ တခြား စက် က ဟန်းရင်ဟန်း မဟန်းရင် ဘာမှ လုပ်လို့မရတော့လောက်အောင် လေးလံသွားတာ တွေ့ရလိမ့်မယ် ကိုယ့်စက်နှစ်လုံးနဲ့ စမ်းနော်
Subscribe to:
Posts (Atom)
About Me |


